Pages

Thursday, October 4, 2012

ကိုမိုးညို ပြန်လာပြီ

Saturday, January 3, 2009


ကောင်းကင်မှာ ပျော်မြူးကြတဲ့ သူတို့လို မင်းကော မပျော်ချင်ဘူးလား ....သူငယ်ချင်း

Sunday, October 19, 2008

တွေးမိသမျှ ကဗျာရသ

" လယ်တောက သူအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်း ဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ " ( မင်းသုဝဏ် )

ခင်ဗျားရော ဒီကဗျာလေးကို ဖတ်ပြီး ဘယ်လိုခံစားရလဲ....?ကျွန်တော်ကတော့ ကဗျာထဲက ကောင်မလေးကို မုန်းတယ်...
စိတ်တော့မနာဘူး...ဒါဟာဖြစ်တတ်တဲ့ ၊ ဖြစ်လေ့ရှိတဲ့ ၊ ဖြစ်လဲဖြစ်နေတဲ့ လောကသဘာဝပဲလေ...ကောင်လေးကိုတော့သ
နားတယ်ဗျာ...တောင်းဆိုတဲ့လူကလဲ ခရေပန်းမဟုတ်ပဲ ခရေဖူးကိုမှ တောင်းဆိုတာကိုး...ခရေဖူးဆိုတာ ခရေပန်းလို အကြွေ
ပန်းဘ၀မရောက်သေးပါဘူး...အပင်မှာ တင့်နေတုန်းပဲလေ...ဒါပေမယ့် နှင်းဆီဆိုတာ ခရေဖူးထက်တော့ သာတာအမှန်ပဲလေ။
နှင်းဆီဟာဘယ်လောက် တော်ဝင်တယ် ပြောပြော နောက်ဆုံးတော့ ကြွေလွင့်ရတာပါပဲလေ...ခင်ဗျားဆိုရင်ရော ခရေကို ရွေး
မလား နှင်းဆီကို ရွေးမလား... ?
( အထက်ပါ စာစုဖြင့် ဆရာကြီး မင်းသုဝဏ် အား ဂုဏ်ပြုပါ၏။....

Friday, October 17, 2008

သူမသာသိ ....... ငါပြတ်ရှသွားတဲ့နေ့များ

သူမ ဖတ်ခွင့်ရရင်......၀မ်းသာပါတယ်
မှုံရီနေတဲ့ နေ့တွေလက်တံတွေက
တရွေ့ရွေ့
အနားမရှိတဲ့ ကမ်းပါးတစ်ခုနဲ့
ငါမှားပါတယ်. . .
သူရဲ့မျှော်လင့် မှု့ တချို့ကို
ငါ အလွဲံသုံးစားလုပ်မိတယ်. . .သူပျော်နေမှာပါ. . .
သူမသာ ဖတ်ခွင့်ရရင်
ငါမသိတော့တဲ့ ဖြစ်စဉ်တချို့ကို
သူသိနေခဲ့တဲ့ ခိုးကြောင်ခိုးဝှက်အကြည့်တွေ
ငါမှားယွင်းခဲ့တဲ့ ကဗျာတပုဒ်
နောက်ဆုံးမှာ ငါတို့ စနစ်တကျ လွဲတော့တယ်
ဝမ်းသာပါတယ်
ငါကို နားလည် ရင်း. . .
ဝမ်းသာနေမှာပါ
သူမသာ ဖတ်ခွင့်ရရင်. . . . .

( ဂျိုကာ )