" လယ်တောက သူအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်း ဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ " ( မင်းသုဝဏ် )
ခင်ဗျားရော ဒီကဗျာလေးကို ဖတ်ပြီး ဘယ်လိုခံစားရလဲ....?ကျွန်တော်ကတော့ ကဗျာထဲက ကောင်မလေးကို မုန်းတယ်...
စိတ်တော့မနာဘူး...ဒါဟာဖြစ်တတ်တဲ့ ၊ ဖြစ်လေ့ရှိတဲ့ ၊ ဖြစ်လဲဖြစ်နေတဲ့ လောကသဘာဝပဲလေ...ကောင်လေးကိုတော့သ
နားတယ်ဗျာ...တောင်းဆိုတဲ့လူကလဲ ခရေပန်းမဟုတ်ပဲ ခရေဖူးကိုမှ တောင်းဆိုတာကိုး...ခရေဖူးဆိုတာ ခရေပန်းလို အကြွေ
ပန်းဘ၀မရောက်သေးပါဘူး...အပင်မှာ တင့်နေတုန်းပဲလေ...ဒါပေမယ့် နှင်းဆီဆိုတာ ခရေဖူးထက်တော့ သာတာအမှန်ပဲလေ။
နှင်းဆီဟာဘယ်လောက် တော်ဝင်တယ် ပြောပြော နောက်ဆုံးတော့ ကြွေလွင့်ရတာပါပဲလေ...ခင်ဗျားဆိုရင်ရော ခရေကို ရွေး
မလား နှင်းဆီကို ရွေးမလား... ?
( အထက်ပါ စာစုဖြင့် ဆရာကြီး မင်းသုဝဏ် အား ဂုဏ်ပြုပါ၏။....
No comments:
Post a Comment